This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, October 19, 2012

မြန်အောင်မြို့မှ ရေပူစမ်း

         ရေပူစမ်းဟု ဆိုလိုက်လျှင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်မှ ထင်ရှားကျော်ကြားသော ရေပူစမ်းများကိုသာ အများက သိကြပေလိမ့်မည်။   ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၏ တောင်ဘက် တစ်မိုင်ခွဲခန့်တွင် “ ဆပ်ပြာကျင်း၊ ထန်းကုန်း” ရေပူစမ်းရှိသည်ကို သိရှိသူ နည်းပါးသလို မထင်မှတ်သူများလည်း ရှိပေလိမ့်မည်။
        မြန်အောင်မြို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကြောင့် ထင်ရှားသော်လည်း ၄င်းရေပူစမ်းကိုမူ လူသိနည်းပေသည်။ ရေပူစမ်းတွင်းနှင့် မလှမ်းမကမ်းတွင် လာဘသိဒ္ဓိအောင် စေတီငယ်ကိုလည်း ဘုန်းတော်ကြီးကျောင်း တောတန်းလေးများနှင့် တွဲလျက် ကျေးလက်မြန်မာ့အလှ သဘာဝပန်းချီကားသဖွယ် ခံစားချင်သူများ လာရောက်ကြည့်ရှုလေ့လာစေချင်ပါသည်။
ဆောင်းရာသီကာလတို့တွင် ရေပူစမ်းရေကို တစ်ဝကြီးချိုးလိုက်ရပါက  ကိုယ်ခန္ဓာလန်းဆန်း သွားစေသည်။
နွေမိုးဆောင်းသုံးရာသီလုံးအမြဲမပြတ်စီးဆင်းနေသောစမ်းရေအိုင်များကိုလည်း  ရေပူစမ်းအနီးတွင်
တွေ့မြင်ရပေသည်။  စမ်းရေအိုင်များနှင့် ရေပူစမ်းကြားတွင် ထိစပ်လျက်ရှိသော နွံပြင်ကြီးမှာလည်း တအိအိနှင့် ထူးဆန်းဖွယ် တွေ့မြင်နိုင်ပါသည်။
       ရေပူစမ်းအိုင်အတွင်း ကြက်ဥကို တစ်နာရီခန့် စိမ်ထားပါက စားသောက်၍ရနိုင်လောက်အောင် ပူနွေးပါသည်။ရေပူစမ်းရေတွင် ကန့်ဓာတ် ပါဝင်နေသဖြင့် အနည်းငယ် ကန့်နံ့ နံနေပေသည်။
မြေကြီးအောင် ပေနှစ်ထောင်ကျော်ရှိ အနည်ကျ ကျောက်လွှာများမှ လာသော ရေပူစမ်းရေဖြစ်သည်ဟု ပညာရှင်များထံမှ သိရှိရသည်။ ထို့ကြောင့် ၀ဲနာ ယားနာများ ပျောက်သည့် အပြင် အခြားသော ရောဂါများအတွက်လည်း ဆေးပေါင်းခကြောင်း ကိုယ်တွေ့ကြုံသော အနီးအနားရွာသားများက ပြောပြကြပါသည်။
            ထို့ကြောင့် မြန်အောင်သူ၊ မြန်အောင်သားများ သိရှိနိုင်ကြပါရန်နှင့်၊ သွားရောက်လေ့လာနိုင်ရန် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ထပ်မံဖောက်သည်ချပေးနိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

မှတ်ချက်။     ။ သဲတစ်ပွင့်နှင့်အဖွဲ့၏ ပေးပို့သော စာမူဖြစ်ပါသည်။