မြန်အောင်မြို့နယ်သည် အပူပိုင်းမုတ်သုံရာသီဥတု (A M W )ဖြစ်ပြီး ပူ၍ မိုးအသင့်ရွာသော ရာသီဥတုမျိုးဖြစ်သည်။ နွေဥတု၊ မိုးဥတု၊ဆောင်းဥတု ထင်ရှားစွာ ရှိသည်။ တစ်နှစ်အတွင်း ပြမ်းမျှ အနိမ့်ဆုံး အပူချိန်မှာ (၇၄.၄)ဒီဂရီ ဖာရင်ဟိုက်ရှိပြီး အမြင့်ဆုံး အပူချိန်မှာ (၁၀၅.၅) ဒီဂရီ ဖာရင်ဟိုက် ရှိတတ်၏။
တစ်နှစ်အတွင်း ပြမ်းမျှ မိုးရေချိန်မှာ (၅၈.၆၃)လက်မ ဖြစ်သည်။
ပူ၍ မိုးသင့်သော ရပ်ဝန်းအတွင်း အောက်ရွက်ပြတ်ရောနှောတောများ ပေါက်ရောက်လျက်ရှိသည်။ ခြုံပုတ်များ သစ်ပင်များနှင့် အနည်းအကျဉ်းနေရာများတွင် ထန်းပင် ၀ါးပင်နှင့် မြက်ပင် ကိုင်းပင်များ ပေါက်ရောက်သည်။
မြန်အောင်မြို့အနောက်ဘက်ရှိ ရခိုင်ရိုးမ သစ်တောများ၏ အတွင်းပိုင်းတွင် ကျွန်း၊ပျဉ်းကတိုး၊ရုံး၊ ပျဉ်းမ၊ မြောက်ချော၊ ပိတောက်၊ ဇင်ပြွန်း၊ သစ်ဖြူ၊ သစ်ရာ၊ ထောက်ကြန့်နှင့် ၀ါးမျိုးစုံ ထူထပ်စွာပေါက်ရောက်ပြီး ကျန်အပိုင်းတွင် အင်၊ ကညင်၊ သင်္ကန်း၊ သစ်ခါး၊ တောက်သရက်၊ မြောက်ညို၊ ကနစို၊ သက်ရင်းကြီး၊ အင်းသပြေ၊ တောင်လက်ပံ၊ ဒီးဒူး၊ နှော၊ နဘဲ၊ သပြေ၊ ချဉ်ပုတ်၊ ယမနေ နှင့် ၀ါးမျိုးစုံ ပေါက်ရောက်သည်။
ထို့အပြင် ပရဆေးပင်များလည်း အမျိုးအစားစုံလင်စွာ ပေါက်ရောက်သည်။
0 comments:
Post a Comment