This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Friday, January 25, 2013

(၈၉)ကြိမ်မြောက် လေးမြို့နယ်လုံးဆိုင်ရာ ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီး

           ၁၃၇၄-ခုနှစ်၊ ဟင်္သာတခရိုင်၊ လေးမြို့နယ်လုံးဆိုင်ရာ ဝေဠုဝန်နိကာယစာတော်ပြန်ပွဲကြီးနှင့် တရားပွဲကြီးများကို နှစ်စဉ်ကျင်းပမြဲဖြစ်သော - တပို့တွဲလဆန်း (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ
(၁၅-၂-၂၀၁၃) သောကြာနေ့မှ  (၂၀-၂-၂၀၁၃) ဗုဒ္ဓဟူးနေ့အထိ  (၆)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပါသောကြောင့် ရပ်နီးရပ်ဝေးမှ ဒါယကာ ဒါယိကာမအပေါင်းတို့ ကြည်ညိုသဒ္ဓါပွားကာ
အားပေးလှူဒါန်းနိုင်ရန်နှင့် တရားတော်များ နာယူနိုင်ရန်အလို့ငှါ  နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

တရားပွဲအစီအစဉ်များ



တပို့တွဲလဆန်း(၅) နှင့် (၆)ညများတွင်

ဘဒ္ဒန္တဝေပုလ္လသာရ(ကမ္မဋ္ဌာနာစရိယ)

နယ်လှည့်ဓမ္မကထိက

မှော်ဘီဓမ္မရိပ်သာ၊ရန်ကုန်တိုင်းဒေသကြီး။ မှလည်းကောင်း




တပို့တွဲလဆန်း (၇)ရက် (၈)ရက်ညများတွင်
အရှင်ပဏ္ဍိတ (ပျော်ဘွယ်)
ပသုံးလုံးဝန်ဆောင်(ဓမ္မာစရိယ၊ B.ET)
တွဲဖက်မော်ကွန်းထိန်း၊မော်ကွန်းဌာန
သံဃာ့တက္ကသိုလ်၊ကမ္ဘာအေး။
ရန်ကုန်တိုင်းဒေသကြီး။ မှလည်းကောင်း



တပို့တွလဆန်း (၉)ရက် (၁၀) ရက် ညများတွင်
အရှင်ဣန္ဒာစက္က(တိုက်ကြပ်၊ နာယကစာချ)
သာသနတက္ကသီလဓမ္မာစရိယ B.A(Buddhism)
သာသနတက္ကသီလမဟာဓမ္မာစရိယ M.A(Buddhism)
ဇောတိကာရုံပရိယတ္တိစာသင်တိုက်၊ မရမ်းကုန်းမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။ မှလည်းကောင်း အသီးသီး ဓမ္မဒါနပြု တရားအလှူများပေးလှူမည်ဖြစ်ပါသည်။


Friday, December 21, 2012

နေလပမာ သာသနာ

သာသနာတော် အသက် ပရိယတ်နဲ့ ဆက်ပေးရမယ်။ သာသနာတော်အလင်း ပရိယတ်နဲ့ သွင်းပေးရမယ်။
ဒါမှ မြန်မာမှာရော ကမ္ဘာမှာပါ သာသနာတော်ဆိုတာ ရှင်သန်နေမှာ။ ထေရ၀ါဒဆိုတာ တည်မြဲနေမှာ။
ဘာသာ သာသနာ ပျောက်ပျက်ကြွေပြီး ဒို့လူမျိုးတွေ အခက်ပွေမှာ ဒီကမ္ဘာမြေ ပထဗျာမှာ ရှိမနေစေရဘူး။
မမြင်မတွေ့စေရဘူး။ အမျိုးဘာသာ သာသနာအတွက် ဒို့အသက်တွေ ပေးထားတယ်။

အမျိုးဘာသာ သာသနာလှဖို့ ဒို့ဘ၀တွေ ပေးထားတယ်။ ဒို့သာသနာအောင်လံ ဒီနေ့ထိ လက်ဆင့်ကမ်းလွှင့်ထူလာတာ ရှိနေတာဟာ အသက်ပေးပြီး ယူခဲ့လို့ပါ။ ဘ၀စတေးပြီး ယူခဲ့တာပါ။
သမိုင်းသက်သေရှိခဲ့လို့ ဂုဏ်ယူဝမ်းမြောက်စရာပါ။ လောကမှာ နေတစ်စင်း အလင်းရှိသလို လအဆင်း အေးမြခြင်းဆိုတာ ရှိတယ်။ ဒို့ဘာသာသာသနာ ဒို့လူမျိုး ဒို့နိုင်ငံအတွက် နေတစ်စင်းရဲ့ နှလုံးသားမျိုးနဲ့ မျက်မှောက်နဲ့ နောင်သံသရာအတွက် မိစ္ဆာအမှောင်များကို သာသနာတော်ရဲ့ အဆုံးအမနဲ့ ဖြိုခွင်းနိုင်ဖို့၊ သာသနာတော် မပျောက်ရှအောင် ထိန်းသိမ်းပြီး ပညာအလင်းတန်းတွေ အမြဲပေးနေမယ်။

အမှန်တရားနဲ့ ရဲရင့်မှုတွေနဲ့ အမြဲမသွေ လမ်းပြပေးနေမယ်။ လတစ်စင်း မေတ္တာမျိုးနဲ့ သာသနာ့ရွှေဝါရောင်အရိပ်မှာ အေးမြခြင်းတွေနဲ့ ခိုဝင်အိပ်စေရမယ်။
 အလောဘ အဒေါသ အမောဟ ဆိုတဲ့ ငြိမ်းချမ်းရေးတရားတွေ လူတွေရဲ့ နှလုံးသားထဲကို ထည့်ပေးမယ်။

ဒီအတွက်.... ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ပရိယတ္တိကြွယ်ဝ ပဓာနနှင့် စာချ ဗိသုကာဆရာတော်တွေက
အမြဲမညှိုး ကောင်းကျိုးတွေကို မြင်သာထင်သာအောင် သာသနာ့နေအစင်းများစွာကို ပုံသွင်း၊ အနာဂတ်လင်းစေ။ လအစင်းများစွာကို ပုံသွင်း လမင်းရဲ့ အေးမြခြင်းအရောင်အ၀ါနဲ့ ကုမုဒြာကြာ ပွင့်ဖူးလာရသလို အနာဂတ် ဥာဏ်အမြင်ပွင့်လန်း ဘ၀ငြိမ်းချမ်းရေးလမ်းကို  လှပစွာ လျှောက်စေ၊ ရောက်စေဆိုတဲ့ မေတ္တာစေတနာ။
သာသနာ အသက်မထွက်စေဖို့ သာသနာတော်အတွက် ရည်ရွယ်ချက်၊ရည်မှန်းချက်တွေပါ ဘယ်အခါ မပျက်စေရဘူး။

ကဲ... အမျိုး၊ ဘာသာ၊ သာသနာကို ချီးမြှောက်ကြပါစို။ အမျိုးဘာသာ သာသနာကို ကာကွယ်ကြပါစို့။




                           နေ၀န်းသစ်( မြန်အောင်) ၏ ပို့စ်ကို တင်ပေးခြင်းဖြစ်ပါသည်။

Saturday, November 24, 2012

Friday, October 19, 2012

မြန်အောင်မြို့မှ ရေပူစမ်း

         ရေပူစမ်းဟု ဆိုလိုက်လျှင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်မှ ထင်ရှားကျော်ကြားသော ရေပူစမ်းများကိုသာ အများက သိကြပေလိမ့်မည်။   ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၏ တောင်ဘက် တစ်မိုင်ခွဲခန့်တွင် “ ဆပ်ပြာကျင်း၊ ထန်းကုန်း” ရေပူစမ်းရှိသည်ကို သိရှိသူ နည်းပါးသလို မထင်မှတ်သူများလည်း ရှိပေလိမ့်မည်။
        မြန်အောင်မြို့သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကြောင့် ထင်ရှားသော်လည်း ၄င်းရေပူစမ်းကိုမူ လူသိနည်းပေသည်။ ရေပူစမ်းတွင်းနှင့် မလှမ်းမကမ်းတွင် လာဘသိဒ္ဓိအောင် စေတီငယ်ကိုလည်း ဘုန်းတော်ကြီးကျောင်း တောတန်းလေးများနှင့် တွဲလျက် ကျေးလက်မြန်မာ့အလှ သဘာဝပန်းချီကားသဖွယ် ခံစားချင်သူများ လာရောက်ကြည့်ရှုလေ့လာစေချင်ပါသည်။
ဆောင်းရာသီကာလတို့တွင် ရေပူစမ်းရေကို တစ်ဝကြီးချိုးလိုက်ရပါက  ကိုယ်ခန္ဓာလန်းဆန်း သွားစေသည်။
နွေမိုးဆောင်းသုံးရာသီလုံးအမြဲမပြတ်စီးဆင်းနေသောစမ်းရေအိုင်များကိုလည်း  ရေပူစမ်းအနီးတွင်
တွေ့မြင်ရပေသည်။  စမ်းရေအိုင်များနှင့် ရေပူစမ်းကြားတွင် ထိစပ်လျက်ရှိသော နွံပြင်ကြီးမှာလည်း တအိအိနှင့် ထူးဆန်းဖွယ် တွေ့မြင်နိုင်ပါသည်။
       ရေပူစမ်းအိုင်အတွင်း ကြက်ဥကို တစ်နာရီခန့် စိမ်ထားပါက စားသောက်၍ရနိုင်လောက်အောင် ပူနွေးပါသည်။ရေပူစမ်းရေတွင် ကန့်ဓာတ် ပါဝင်နေသဖြင့် အနည်းငယ် ကန့်နံ့ နံနေပေသည်။
မြေကြီးအောင် ပေနှစ်ထောင်ကျော်ရှိ အနည်ကျ ကျောက်လွှာများမှ လာသော ရေပူစမ်းရေဖြစ်သည်ဟု ပညာရှင်များထံမှ သိရှိရသည်။ ထို့ကြောင့် ၀ဲနာ ယားနာများ ပျောက်သည့် အပြင် အခြားသော ရောဂါများအတွက်လည်း ဆေးပေါင်းခကြောင်း ကိုယ်တွေ့ကြုံသော အနီးအနားရွာသားများက ပြောပြကြပါသည်။
            ထို့ကြောင့် မြန်အောင်သူ၊ မြန်အောင်သားများ သိရှိနိုင်ကြပါရန်နှင့်၊ သွားရောက်လေ့လာနိုင်ရန် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ထပ်မံဖောက်သည်ချပေးနိုင်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

မှတ်ချက်။     ။ သဲတစ်ပွင့်နှင့်အဖွဲ့၏ ပေးပို့သော စာမူဖြစ်ပါသည်။

Wednesday, September 12, 2012

မူလတန်း ကလေးငယ်များ၏ ၀ါဆိုသင်္ကန်းကပ်ပွဲလေး

မြန်အောင်မြို့အမှတ်(၁)ယမ်းတိုက်ကုန်း အခြေခံပညာမူလတန်းကျောင်းမှ ဆရာမများနှင့်
ကျောင်းသားငယ်လေးများ၊မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက်တွင်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
 နေပုံဖြစ်ပါတယ်... အနာဂတ်မျိုးဆက်သစ်လေးများကိုခုလိုပုံစံလေးတွေနဲ့တွေ့ရတာ အင်မတန်
 ကြည်နူးစရာကောင်းလှပါတယ်... 
ကလေးကောင်းမှလူကြီးကောင်းမည်၊ကလေးတော်မှလူကြီးတော်မည်၊ကလေးမှလူကြီးဖြစ်လာပြီး တိုင်းပြည်နှင့်လူမျိုး အားကိုးစရာဖြစ်လာမည်ဖြစ်သည်။ ကလေးငယ်များကို စနစ်တကျ သွန်သင်ခြင်းဖြင့် အနာဂတ်သားကောင်းများဖြစ်လာမည့်အရေးကို ခေတ်မြော်မြင်ကြီးမားတော်မူသော တောင်မြို့မဟာဂန္ဓာရုံ
ဆရာတော်ဘုရားကြီးဆရာတော်ဘုရားကြီးက အောက်ပါ ကဗျာလေးနဲ့ဆုံးမခဲ့ပါသည်။
အားလုံးဝမ်းမြောက်နိုင်ကြပါစေ။
ကလေးအရွယ်လိမ္မာနှင့်ပါမှ ကြီးရင့်ကလိမ္မာမည်
မလိမ္မာ ပြည်ထောင်စုကြလျှင်၊ ကောင်းမှုမတည်
ကလေးတို့နေပြည်၊ တည်စေဖို့စိတ်စော
နံနက်မင်္ဂလာနှင့် နေ့မကွာ ညဥ့်ပါသုံးလို့ရယ်
ပြုံးကြစေသား...................။










မြန်မာတို့သွေး - မျိုးချစ်ရေး

ဘလော့လေးသာ ဖွင့်ထားတာ မြန်မာကွန်နဲ့ တင်ချင်တိုင်း တင်လို့မရဘူးဖြစ်နေတာက တစ်ကြောင်း ပျင်းတာက တစ်ကြောင်းပေါ့( ဟဲဟဲ.. ၀န်ခံပါတယ်) ဘလော့လေးမှာ သိပ်မတင်ဖြစ်သေးပါဘူး....

ဒီတစ်ခါတော့ စိတ်ထဲမှာ တစ်ကယ် တက်ကြွမိတဲ့ ဇာတိသွေး မျိုးချစ်သွေးကို ဖော်ဆောင်ပေးတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်... ညီအစ်ကို မောင်နှမများ အားလုံး

ဖတ်ရှုခံစားစေချင်တဲ့ ဆန္ဒလေးနဲ့ပါ..။

ကဗျာလေးခေါင်းစဉ်က “မြန်မာတို့သွေး-မျိုးချစ်ရေး”တဲ့ ဖတ်ကြည့်လိုက်ကြပါအုံး


    ၁။ မြန်မာပီသအပျိုစင်   ချစ်ဖော်ရွေးချယ်ရင်(လျှင်)

    ဘာသာမျိုးတူမကွဲပြား   ချစ်ဖော်ရွေးပါလား

    မြန်မာစစ်စစ်ဖြစ်ရတာ    ဂုဏ်ယူဝင့်ကြွားပါ

    ကိုယ့်ရင်သွေးမှဇာတိသွေး  မြန်မာစစ်စစ်မွေး။

    ၂။ ဘ၀ကြင်ဖော်ချစ်သွေးပျော်   ဘာသာခြားနဲ့နော်

    မြန်မာမျိုးတွေတွဲလေတိုင်း   စိတ်များလွန်ထိုင်းမှိုင်း

    ကပြားလေးတွေမြင်ရရင်(လျှင်)  စိတ်များမကြည်လင်

    နာဂတ်မြန်မာလူမျိုးရေး   စိုးရိမ်ပူပန်တွေး။

    ၃။ မအိုခင်ကအပျိုစင်  ကျွန်ုပ်တောင်းပန်ချင်

    ပျိုတိုင်းကိုယ်စီမျိုးချစ်သွေး   ရင်တွင်းပြည့်သိပ်မွေး။

    ဘ၀ခြေနေဘယ်လိုနေ   မျိုးတူချစ်ကြိုက်လေ

    မျိုးချစ်စိတ်ဓာတ်ခိုင်မာရေး   တိုင်းရင်းသားတို့မွေး။

    ၄။ မွေးကတည်းကသွေးပါလာ  မျိုးချစ်သွေးဆိုတာ

    မိဘနှစ်ဖြာမြန်မာသွေး    ဦးစွာမွေးဖွားရေး။

    မျိုးဇာတိဂုဏ်ကျင့်သိက္ခာ   ထိန်းသိမ်းပေးရမှာ

    မြန်မာမှန်လျှင်မျိုးချစ်သွေး   လူတိုင်းကိုယ်စီမွေး

    ၅။ ငါတို့မြန်မာလူများစွာ   ကပြားများရင်ကွာ

    နာဂတ်မြန်မာတို့(ဒို့)လူမျိုး   ပျောက်ကွယ်သွားမှာစိုး

    ကိုယ့်ရင်သွေးကကလေးတွေ  မိဘပီပြင်စေ

    ဘိုးဘွားစဉ်လာမိဘသွေး   မြန်မာစစ်စစ်မွေး။

    ၆။ မြန်မာသွေးကိုအလှဆင်   မြန်မာအပျိုစင်

    မအိုခင်ကမျိုးချစ်သွေး   ပျိုတိုင်းကိုယ်စီမွေး။

    မောင်တို့ မယ်တို့သတိဆောင်  ကပြားမွေးတာရှောင်

    မြန်မာပီသမြန်မာသွေး     မျိုးချစ်စိတ်ဓာတ်မွေး....။

(မအိုခင်က ဆိုသည်မှာ အိမ်ထောင်မကျခင်ကိုဆိုလိုသည်။)

မှတ်ချက်။ ။ ကဗျာမူရင်း ကလောင်ရှင်မှာ - အရှင်ဝိစိတ္တ(မိုးနံကုန်း) တပ်ကုန်းမြို့နယ် ဖြစ်ပါသည်။

Tuesday, September 11, 2012

မြန်အောင်မြို့မှ မော်ကွန်းဝင်ဓာတ်ပုံလေးတစ်ပုံ

မြန်အောင်မြို့မှ မော်ကွန်းဝင် ဓာတ်ပုံလေးတစ်ပုံကို အားလုံးကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်...