ဘလော့လေးသာ ဖွင့်ထားတာ မြန်မာကွန်နဲ့ တင်ချင်တိုင်း တင်လို့မရဘူးဖြစ်နေတာက တစ်ကြောင်း ပျင်းတာက တစ်ကြောင်းပေါ့( ဟဲဟဲ.. ၀န်ခံပါတယ်) ဘလော့လေးမှာ သိပ်မတင်ဖြစ်သေးပါဘူး....
ဒီတစ်ခါတော့ စိတ်ထဲမှာ တစ်ကယ် တက်ကြွမိတဲ့ ဇာတိသွေး မျိုးချစ်သွေးကို ဖော်ဆောင်ပေးတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်... ညီအစ်ကို မောင်နှမများ အားလုံး
ဖတ်ရှုခံစားစေချင်တဲ့ ဆန္ဒလေးနဲ့ပါ..။
ကဗျာလေးခေါင်းစဉ်က “မြန်မာတို့သွေး-မျိုးချစ်ရေး”တဲ့ ဖတ်ကြည့်လိုက်ကြပါအုံး
၁။ မြန်မာပီသအပျိုစင် ချစ်ဖော်ရွေးချယ်ရင်(လျှင်)
ဘာသာမျိုးတူမကွဲပြား ချစ်ဖော်ရွေးပါလား
မြန်မာစစ်စစ်ဖြစ်ရတာ ဂုဏ်ယူဝင့်ကြွားပါ
ကိုယ့်ရင်သွေးမှဇာတိသွေး မြန်မာစစ်စစ်မွေး။
၂။ ဘ၀ကြင်ဖော်ချစ်သွေးပျော် ဘာသာခြားနဲ့နော်
မြန်မာမျိုးတွေတွဲလေတိုင်း စိတ်များလွန်ထိုင်းမှိုင်း
ကပြားလေးတွေမြင်ရရင်(လျှင်) စိတ်များမကြည်လင်
နာဂတ်မြန်မာလူမျိုးရေး စိုးရိမ်ပူပန်တွေး။
၃။ မအိုခင်ကအပျိုစင် ကျွန်ုပ်တောင်းပန်ချင်
ပျိုတိုင်းကိုယ်စီမျိုးချစ်သွေး ရင်တွင်းပြည့်သိပ်မွေး။
ဘ၀ခြေနေဘယ်လိုနေ မျိုးတူချစ်ကြိုက်လေ
မျိုးချစ်စိတ်ဓာတ်ခိုင်မာရေး တိုင်းရင်းသားတို့မွေး။
၎။ မွေးကတည်းကသွေးပါလာ မျိုးချစ်သွေးဆိုတာ
မိဘနှစ်ဖြာမြန်မာသွေး ဦးစွာမွေးဖွားရေး။
မျိုးဇာတိဂုဏ်ကျင့်သိက္ခာ ထိန်းသိမ်းပေးရမှာ
မြန်မာမှန်လျှင်မျိုးချစ်သွေး လူတိုင်းကိုယ်စီမွေး
၅။ ငါတို့မြန်မာလူများစွာ ကပြားများရင်ကွာ
နာဂတ်မြန်မာတို့(ဒို့)လူမျိုး ပျောက်ကွယ်သွားမှာစိုး
ကိုယ့်ရင်သွေးကကလေးတွေ မိဘပီပြင်စေ
ဘိုးဘွားစဉ်လာမိဘသွေး မြန်မာစစ်စစ်မွေး။
၆။ မြန်မာသွေးကိုအလှဆင် မြန်မာအပျိုစင်
မအိုခင်ကမျိုးချစ်သွေး ပျိုတိုင်းကိုယ်စီမွေး။
မောင်တို့ မယ်တို့သတိဆောင် ကပြားမွေးတာရှောင်
မြန်မာပီသမြန်မာသွေး မျိုးချစ်စိတ်ဓာတ်မွေး....။
(မအိုခင်က ဆိုသည်မှာ အိမ်ထောင်မကျခင်ကိုဆိုလိုသည်။)
မှတ်ချက်။ ။ ကဗျာမူရင်း ကလောင်ရှင်မှာ - အရှင်ဝိစိတ္တ(မိုးနံကုန်း) တပ်ကုန်းမြို့နယ် ဖြစ်ပါသည်။
0 comments:
Post a Comment