မြန်မာ့ဘူမိသက်တမ်းတွင် သက်တမ်းအနုဆုံးသော အပိုင်း၌ မြန်အောင်မြို့နယ်သည် ပါဝင်သည်။ တတိယအနယ်အနှစ် သဲကျောက်လွှာများဖြင့် တည်ဆောက်ထားသော(အီအိုဆင်း)ကျောက်များသည် ဧရာဝတီမြစ်အနောက်ဘက် တစ်လျှောက် ရခိုင်ရိုးမမှ သရက်မြို့အထိတည်ရှိသည်။
မြို့တောင်ဘက် အရှေ့ပိုင်းတွင် ထူထပ်သော သဲနှင့်ကျောက်စရစ်တို့သည် ဆယ်မိုင်ခန့် ကျယ်ဝန်းသည်။
၎င်းကျောက်နှင့် သဲလွှာ၏ အောက်လွှာသည် အပြာရောင် ရွှံ့စေးလွှာဖြစ်၍ ရုပ်ကြွင်းများ တွေ့ရသည်။ မြန်အောင်ဒေသသည် မြန်မာနိုင်ငံ၏ အဓိက ရေနံတူးဖော်ရာ ဒေသတွင်ပါဝင်သည်။
ပညာရှင်များ၏ သုတေသနပြုချက်အရ မြန်အောင်မြို့နယ် မြေဆီလွှာသည် ရွှံ့စေးပါသော နုံးလယ်မြေပြာအမျိုးအစား (Meadow allavial gloy clayey soils) နှင့် သက်နုလယ်မြေပြာအမျိုးအစား (Meadow allurlal in matured light heavy soils) တို့ဖြစ်ကြောင်းတွေ့ရှိရသည်။
ထိုမြေဆီလွှာနှစ်မျိုးတွင် စပါးစိုက်ပျိုးရန်ကောင်းမွန်သည်။ ပဲနှင့်ပြောင်းသီးနှံများလည်း စိုက်ပျိုးနိုင်သည်။
မိုးစိုညို သစ်တောမြေလွှာ( Yellow brown gravelly soils ) အနည်းငယ်တွေ့ရသည်။
0 comments:
Post a Comment